ယေရမိ 44:21 - မြန်မာ့စံမီသမ္မာကျမ်21 “သင်တို့နှင့် သင်တို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများနှင့် ပြည်သူပြည်သားတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် နံ့သာပေါင်းမီးရှို့ပူဇော်ခဲ့ကြသည်ကို ထာဝရဘုရား မအောက်မေ့ဘဲနေတော်မူမည်လော။ မမှတ်ဘဲနေတော်မူမည်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 ``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။