Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 43:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ် နှင့်​ဘု​ရင့်​သ​မီး​တော်​အ​စ​ရှိ​သည့်​လူ​အ ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဂေ​ဒ​လိ​လက်​တွင် နေ​ဗု​ဇာ​ရ​ဒန်​အပ်​နှံ​ထား​ခဲ့​သော​ငါ​နှင့် ဗာ​ရုတ်​အ​စ​ရှိ​သည့်​လူ​အ​ပေါင်း​တို့​ကို လည်း​ကောင်း​ခေါ်​ဆောင်​သွား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 43:6
11 ပူးပေါင်းရင်းမြစ်များ  

‘​ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​နန်းတော်​၌ ကျန်ရစ်​သော​မိန်းမ​အပေါင်း​တို့​ကို ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​တို့​ထံ ခေါ်ဆောင်​သွား​ကြ​မည်​။ ထို​မိန်းမ​တို့​က မင်းကြီး​ယုံကြည်​ရ​သော​မိတ်ဆွေ​တို့​သည် မင်းကြီး​ကို သွေးဆောင်​ကြ​ပြီ​၊ အနိုင်ရ​ကြ​ပြီ​။ မင်းကြီး​၏​ခြေ​သည် ရွှံ့​ထဲ​နစ်​သွား​လေ​ပြီ​။ မိတ်ဆွေ​တို့​လည်း ကျောခိုင်း​သွား​လေ​ပြီ​ဟု ဆို​ကြ​လိမ့်မည်​။


သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဘာမျှ​မ​ရှိ​သော​ဆင်းရဲသား​တို့​ကို ယုဒ​ပြည်​၌​ထားခဲ့​၍ သူ​တို့​အား စပျစ်ခြံ​နှင့်​လယ်ယာမြေ​တို့​ကို ပေး​လေ​၏​။


ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်စိုး​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်စိုး​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ


ဣရှမေလ​သည် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​ကို ဖမ်းသွား​၏​။ ဖမ်းသွား​သော​သူ​တို့​တွင် အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အပ်ထား​ခဲ့​သော ဘုရင့်​သမီး​တော်​များ​နှင့် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​တို့​ပါ​ကြ​၏​။ နေသနိ​၏​သား​ဣရှမေလ​သည် သူ​တို့​ကို သုံ့ပန်း​အဖြစ် အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။


ငါ​တို့​ကို ခါလဒဲ​လူမျိုး​တို့​လက်​သို့​အပ်နှံ​၍ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ရန်​၊ သို့မဟုတ် သတ်ပစ်​ရန် သင့်​ကို နေရိ​၏​သား​ဗာရုတ်​က နှိုးဆော်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​စတုတ္ထ​နှစ်​၌ နေရိ​၏​သား​ဗာရုတ်​သည် ယေရမိ​နှုတ်​မှ​ခေါ်ပေး​သည့်​နှုတ်ကပတ်တော်​များ​ကို စာလိပ်​ပေါ်၌​ရေးသား​ပြီးသည့်နောက် ပရောဖက်​ယေရမိ​က


ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​လူမျိုး​အကြီးအကဲ​အပေါင်း​တို့​ကို​လည်း ရိဗလ​မြို့​တွင် သတ်​လေ​၏​။


ငါ​သည် ကိုယ်တော်​၏​အမျက်​တော်​ကြိမ်လုံး​ကြောင့် ဖိစီးနှိပ်စက်မှု​ကို ကြုံတွေ့​ခဲ့​ရ​သော​သူ​ဖြစ်​ပါ​၏​။


သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ