ယေရမိ 41:16 - မြန်မာ့စံမီသမ္မာကျမ်16 အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ဂေဒလိအားသတ်ပြီးနောက်မိဇပါမြို့မှ သုံ့ပန်းများအဖြစ် ဣရှမေလခေါ်ဆောင် လာသောစစ်သူရဲများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မိန်းမစိုးများအား ယောဟနန်နှင့်သူ၏တပ်မှူးများကထိန်း သိမ်းစောင့်ရှောက်ထားကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ထိုသို့ အဟိကံသား ဂေဒလိကိုသတ်ပြီးသည်နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသားဣရှမေလလက်မှလည်းကောင်း၊ မိဇပါမြို့မှလည်းကောင်းနုတ်၍ ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှဆောင်ခဲ့ပြန်၍၊ အခန်းကိုကြည့်ပါ။ |
ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။