Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 40:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 “​အမ္မုန်​ဘုရင်​ဗာလိတ်​မင်းကြီး​သည် သင့်​ကို​သတ်​ရန် နေသနိ​၏​သား​ဣရှမေလ​ကို စေလွှတ်​ကြောင်း သင်​မ​သိ​သလော​”​ဟု မေး​လေ​၏​။ သို့သော် အဟိကံ​၏​သား​ဂေဒလိ​သည် သူ​တို့​၏​စကား​ကို​မ​ယုံ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ဂေ​ဒ​လိ​အား``အမ္မုန်​ဘု​ရင်​ဗာ​လိတ်​သည်​အ​ရှင့် အား​လုပ်​ကြံ​ရန်​အ​တွက် နာ​သ​နိ​၏​သား​ဣရှ မေ​လ​ကို​စေ​လွှတ်​လိုက်​ကြောင်း​ကို​အ​ရှင်​မ သိ​ပါ​သ​လော'' ဟု​မေး​၏။ သို့​ရာ​တွင်​ဂေ ဒ​လိ​သည်​ထို​စ​ကား​ကို​မ​ယုံ​ကြည်​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 40:14
15 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​သည် သနား​ခြင်း​ကို​ခံရ​သော်လည်း ဖြောင့်မတ်​ခြင်း​တရား​ကို မ​သင်ယူ​။ သူ​သည် တရား​သော​ပြည်​၌ မတရား​သဖြင့်​ပြု​လျက် ထာဝရဘုရား​၏​ဘုန်းတန်ခိုး​တော်​ကို မ​မြင်​။


ဧဒုံ​ပြည်သား​များ​၊ မောဘ​ပြည်သား​များ​၊ အမ္မုန်​ပြည်သား​များ​၊


တစ်နေ့တွင် ကာရာ​၏​သား​ယောဟနန်​နှင့် တော​ထဲ၌​ပုန်းခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် ဂေဒလိ​ရှိ​ရာ​မိဇပါ​မြို့​သို့ လာ​ကြ​၍


နေသနိ​၏​သား ဣရှမေလ​၊ ကာရာ​၏​သား ယောဟနန်​နှင့်​ယောနသန်​၊ တာနုမက်​၏​သား စရာယ​၊ နေတောဖာသိ​လူမျိုး ဧဖဲ​၏​သား​များ​၊ မာခါသိ​အမျိုးသား ယေဇနိ​တို့​သည်​လည်း သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။


သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်


ဣရှမေလ​သည် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​ကို ဖမ်းသွား​၏​။ ဖမ်းသွား​သော​သူ​တို့​တွင် အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အပ်ထား​ခဲ့​သော ဘုရင့်​သမီး​တော်​များ​နှင့် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​တို့​ပါ​ကြ​၏​။ နေသနိ​၏​သား​ဣရှမေလ​သည် သူ​တို့​ကို သုံ့ပန်း​အဖြစ် အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။


နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​ဆယ်​ယောက်​တို့​သည် ပြည်​ကို​အုပ်စိုး​ဖို့ ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ထ​၍​ဓား​ဖြင့်​ခုတ်​သတ်​လေ​၏​။


သင့်​အိမ်နီးချင်း​ကို မ​ယုံ​နှင့်​။ သင့်​မိတ်ဆွေ​ကို​လည်း မ​ကိုးစား​နှင့်​။ သင့်​ရင်ခွင်​၌ အိပ်​နေ​သော​မိန်းမ​ရှေ့​တွင်​လည်း စကား​ကို သတိထား​ပြော​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ