Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 39:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဘာမျှ​မ​ရှိ​သော​ဆင်းရဲသား​တို့​ကို ယုဒ​ပြည်​၌​ထားခဲ့​၍ သူ​တို့​အား စပျစ်ခြံ​နှင့်​လယ်ယာမြေ​တို့​ကို ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သူ​သည်​ပစ္စည်း​မဲ့​ဆင်း​ရဲ​သား​အ​ချို့​အား စ​ပျစ် ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​ကို​ပေး​အပ် ကာ​ယု​ဒ​ပြည်​တွင်​ထား​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 39:10
8 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကိုယ်ရံတော်မှူး​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်လုပ်​စေ​၏​။


ထို​နေ့ရက်​၌ လူ​တစ်​ဦး​သည် နွားမတမ်း​တစ်​ကောင်​နှင့် သိုး​နှစ်​ကောင်​ကို​မွေးမြူ​လျှင်ပင်


ငါ​မူကား မိဇပါ​မြို့​တွင်​နေထိုင်​ပြီး ငါ​တို့​ထံ​ရောက်လာ​မည့် ခါလဒဲ​လူမျိုး​တို့​ကို ရင်ဆိုင်​ပေး​မည်​။ သင်​တို့​မူကား စပျစ်ဝိုင်​မှစ၍ နွေရာသီသီးနှံ​၊ ဆီ​တို့​ကို စုသိမ်း​ပြီး အိုး​များ​၌ သို​ထား​ကြ​လော့​။ သင်​တို့​ရ​ထား​သော​မြို့​တို့​တွင် နေထိုင်​ကြ​လော့​”​ဟု ဆို​လေ​၏​။


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်စိုး​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ


ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။


သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်​လုပ်​စေ​၏​။


“​အချင်း​လူသား​၊ ပြိုပျက်​နေ​သော​အစ္စရေး​ပြည်​တွင် နေထိုင်​သူ​တို့​က ‘​အာဗြဟံ​တစ်ဦးတည်း​ပင် ထို​ပြည်​ကို အပိုင်ရ​သေး​လျှင် လူ​အများ​ဖြစ်​သော​ငါ​တို့​ကို သာ၍​အပိုင်​ပေး​နိုင်​၏​’​ဟု ဆို​တတ်​ကြ​၏​။


ထို့ကြောင့် အသတ်​ခံရ​တော့မည့်​သိုးအုပ်​၊ အဖိနှိပ်​ခံရ​သော​သိုးအုပ်​တို့​ကို ငါ​ထိန်းကျောင်း​၏​။ ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​နှင့် စည်းလုံး​ခြင်း​တောင်ဝှေး​ဟု​ခေါ်​သော တောင်ဝှေး​နှစ်​ချောင်း​ကို​ယူ​၍ သိုးအုပ်​ကို ထိန်းကျောင်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ