Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ယေရမိ​သည် ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သည့်​နေ့​တိုင်အောင် ထောင်ဝင်း​ထဲတွင်​နေ​ရ​၏​။ ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သော​အချိန်​၌ သူ​သည် ထောင်ဝင်း​ထဲတွင်​ရှိ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 ယေ​ရု​ရှ​လင်​မြို့​ကို တိုက်၍​ရ​သော နေ့​တိုင်​အောင်၊ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​ရ၏။ ယေ​ရု​ရှ​လင်​မြို့​သည် ရန်​သူ​လက်​သို့ ရောက်​သော​အ​ခါ၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:28
12 ပူးပေါင်းရင်းမြစ်များ  

အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။ ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။


ထောင်ဝင်း​ထဲ၌ ယေရမိ​ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့ ဒုတိယ​အကြိမ်​ရောက်လာ​၍


အို အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ အကျွန်ုပ်​တောင်းဆို​သည်​ကို နားထောင်​၍ လိုက်လျော​ပေး​ပါ​။ အကျွန်ုပ်​ကို စာရေးတော်ကြီး​ယောနသန်​၏​အိမ်​သို့ ပြန်​မ​ပို့​ပါ​နှင့်​။ ပြန်ပို့​လျှင် ထို​အိမ်​၌ အကျွန်ုပ်​သေ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်ဆို​လေ​၏​။


ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။


ဤသို့ဖြင့် သူ​တို့​သည် ယေရမိ​အား ကြိုး​ဖြင့် တွင်း​ထဲမှ​ဆွဲ​တင်​ကြ​၏​။ ယေရမိ​လည်း ထောင်ဝင်း​ထဲ၌​နေ​ရ​ပြန်​၏​။


မှူးမတ်​အပေါင်း​တို့​က​လည်း ယေရမိ​ထံ လာ​၍​မေးမြန်း​ကြ​လေ​၏​။ သူ​က​လည်း ရှင်ဘုရင်​မှာထား​သည့်​အတိုင်း သူ​တို့​အား ပြန်ပြော​၏​။ ရှင်ဘုရင်​နှင့် ပြောဆို​ခဲ့​သော​စကား​များ​ကို မည်သူ​မျှ​မ​ကြားသိ​ကြ​သောကြောင့် သူ​တို့​လည်း ဆက်မမေး​ကြ​တော့​ချေ​။


သို့ဖြစ်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ရာဗသာရိပ်​နေဗုရှာဇဗန်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​အပေါင်း​တို့​ကို စေလွှတ်​၍


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ထောင်ဝင်း​ထဲ၌ ယေရမိ​အကျဉ်းချ​ခံရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍


အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ