Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဧဗဒမေလက်​သည်​လည်း သူ​၏​လက်အောက်ငယ်သား​တို့​ကို​ခေါ်​ပြီး ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​အောက်​သို့​ဝင်​၍ ထို​နေရာ​မှ အဝတ်စုတ်​၊ အဝတ်ဟောင်း​တို့​ကို​ယူ​ပြီးလျှင် ထို​အဝတ်​တို့​ကို ယေရမိ​ရှိ​ရာ​တွင်း​ထဲသို့ ကြိုး​နှင့်​လျှောချ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ဧ​ဗ​ဒ​မေ​လက်​သည်​လည်း လူ​တို့​ကို​ခေါ်၍ နန်း​တော်​အ​တွင်း ဘ​ဏ္ဍာ​တိုက်​အောက်​သို့​ဝင်​ပြီး​လျှင်၊ ဟောင်း​နွမ်း​သော အ​ဝတ်​စုတ်​များ​ကို​ယူ​ပြီး​မှ၊ ယေ​ရ​မိ​ရှိ​ရာ မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:11
5 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​က​လည်း အီသီယိုးပီးယား​အမျိုးသား​ဧဗဒမေလက်​အား “ပရောဖက်​ယေရမိ​မသေမီ သင့်​လက်အောက်ငယ်သား လူ​အယောက်​သုံးဆယ်​ကို​ခေါ်​၍ သူ့​ကို ရေတွင်း​ထဲမှ ထုတ်ယူ​လော့​”​ဟု မိန့်ဆို​၏​။


ထိုအခါ အီသီယိုးပီးယား​အမျိုးသား ဧဗဒမေလက်​က ယေရမိ​အား “​ဤ​အဝတ်ဟောင်း​အဝတ်စုတ်​တို့​ကို သင့်​ချိုင်း​နှင့် ကြိုး​အကြား​၌ ခံထား​လော့​”​ဟု ပြော​သည့်​အတိုင်း ယေရမိ​ပြု​လေ​၏​။


ထို့ကြောင့် သူ​တို့​သည် ယေရမိ​ကို​ခေါ်သွား​၍ ထောင်ဝင်း​အတွင်း​ရှိ ဘုရင့်​သား​တော်​မာလခိယ​၏​ရေတွင်း​ထဲသို့ ကြိုး​ဖြင့်​လျှောချ​ကြ​၏​။ ရေတွင်း​ထဲတွင် ရေ​မ​ရှိ​၊ ရွှံ့​သာ​ရှိ​သဖြင့် ယေရမိ​သည် ရွှံ့​ထဲ​နစ်​လေ​၏​။


ယေရမိ​အား ရေတွင်း​ထဲသို့ ပစ်ချ​ကြောင်း​ကို ဘုရင့်​နန်းတော်​ရှိ အီသီယိုးပီးယား​အမျိုးသား မိန်းမစိုး ဧဗဒမေလက်​ကြားသိ​လျှင် ဗင်္ယာမိန်​တံခါး​၌ ရှင်ဘုရင်​ထိုင်​နေ​စဉ်


ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​အလုံးစုံ​တို့​မူကား ထာဝရဘုရား​အဖို့ သန့်ရှင်း​သည်​ဖြစ်၍ ထာဝရဘုရား​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ရ​မည်​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ