Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 37:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို​အချိန်​တွင်​ပင် ဖာရော​မင်းကြီး​၏​စစ်တပ်ကြီး အီဂျစ်​ပြည်​မှ​ချီတက်​လာ​ကြောင်း ဂျေရုဆလင်​မြို့​ကို ဝိုင်း​ထား​လျက်​ရှိ​သော ခါလဒဲ​စစ်သည်​တို့ သတင်း​ကြား​သောအခါ ဂျေရုဆလင်​မြို့​မှ တပ်ဆုတ်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​သော ခါ​လ​ဒဲ​လူ​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ ဖာ​ရော​ဘု​ရင်၏ ဗိုလ်​ခြေ​များ​စစ်​ချီ၍ လာ​ကြောင်း​ကို​ကြား​လျှင်၊ ထို​မြို့​မှ ထွက်​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 37:5
7 ပူးပေါင်းရင်းမြစ်များ  

ဘေဘီလုံ​ဘုရင်​သည် အီဂျစ်​မြစ်​မှ​ယူဖရေးတီး​မြစ်​တိုင်အောင် အီဂျစ်​ဘုရင်​ပိုင်နက်​အားလုံး​ကို တိုက်ခိုက်သိမ်းပိုက်​လိုက်​သောကြောင့် အီဂျစ်​ဘုရင်​သည် မိမိ​ပြည်​မှ စစ်ချီထွက်​၍​မ​ရ​တော့​ချေ​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​မှူးမတ်​များ​အား သူ​တို့​အသက်​ကို​ရန်ရှာ​သော သူ​တို့​၏​ရန်သူ​ဖြစ်​သည့် ဆုတ်ခွာ​သွား​သော​ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့​လက်​သို့ ငါ​အပ်လိုက်​မည်​။


ခါလဒဲ​တပ်​သည် ဖာရော​မင်းကြီး​၏​စစ်တပ်ကြီး​ကို ကြောက်​သဖြင့် ဂျေရုဆလင်​မြို့​မှ တပ်ဆုတ်​သွား​၏​။


ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့ ရောက်လာ​၍


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ငါ့​ကို​မေးလျှောက်​ရန် သင့်​ကို​စေလွှတ်​လိုက်​သော ယုဒ​ဘုရင်​အား ပြန်ပြော​လော့​။ သင့်​ကို​စစ်ကူ​လာ​သော ဖာရော​မင်းကြီး​၏​စစ်တပ်​သည် မိမိ​နေရင်း​အီဂျစ်​ပြည်​သို့ လှည့်ပြန်​သွား​လိမ့်မည်​။


ထိုအခါ ယုဒ​ဘုရင်​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​ရန် အီဂျစ်​ပြည်​သို့ တမန်​ကို​စေလွှတ်​၍ စစ်သည်​၊ မြင်း အမြောက်အမြား​ကို စစ်ကူတောင်း​၏​။ သူ့​အကြံ အထမြောက်​မည်လော​။ ဤသို့​ပြု​ခြင်း​ဖြင့် သူ​သည် ဘေးလွတ်​မည်လော​။ ပဋိညာဉ်​ကို ချိုးဖောက်​ပြီးမှ သူ​သည် ဘေးလွတ်​မည်လော’​ဟု ဆင့်ဆို​လော့​။


ဘေဘီလုံ​ဘုရင်​သည် လူ​အမြောက်အမြား​ကို​သတ်ဖြတ်​ရန် မြေကတုတ်​များ​၊ ရဲတိုက်​များ​ကို တည်ဆောက်​ထား​သောအခါ ဖာရော​မင်းကြီး​သည် စစ်အင်အား​၊ လူအင်အား အမြောက်အမြား​ဖြင့် သူ့​ကို​စစ်ကူတိုက်​မည်​မ​ဟုတ်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ