Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 36:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ထို​အချိန်​သည် နဝမ​လ​ဖြစ်၍ ရှင်ဘုရင်​သည် ဆောင်းရာသီ​စံ​နန်းဆောင်​တွင် စံမြန်း​နေ​၏​။ သူ့​ရှေ့​၌ မီးတောက်​နေ​သော မီးလင်းဖို​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ထို​အ​ခါ န​ဝ​မ​လ​ဖြစ်၍၊ ရှင်​ဘု​ရင်​သည် ဆောင်း​ကာ​လ၌ စံ​ပျော်​ရာ​နန်း​အ​ခန်း​တွင် ထိုင်၍၊ ရှေ့​တော်၌ မီး​မယ်​ဖျူး​ပေါ်​မှာ မီး​ခဲ​ပုံ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 36:22
6 ပူးပေါင်းရင်းမြစ်များ  

ယုဒ​နှင့် ဗင်္ယာမိန်​အမျိုး ယောက်ျား​အပေါင်း​တို့​သည်​လည်း သုံး​ရက်​အတွင်း ဂျေရုဆလင်​မြို့​သို့ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။ နဝမ​လ​၊ နှစ်ဆယ်​ရက်​နေ့​တွင် လူ​အပေါင်း​တို့​သည် ဤ​အမှု​များ​ကြောင့်​လည်းကောင်း၊ မိုး​လည်း သည်းထန်​စွာ​ရွာ​နေ​သောကြောင့်​လည်းကောင်း ဘုရားသခင်​၏​အိမ်​တော်​ကွင်းပြင်​တွင် တုန်ရီ​စွာ​ဖြင့် ထိုင်​နေ​ကြ​၏​။


သို့သော် အို အစ္စရေး​လူမျိုး​၊ မိန်းမ​သည် မိမိ​ယောက်ျား​ကို သစ္စာမဲ့​သကဲ့သို့ သင်​တို့​သည် ငါ့​ကို သစ္စာမဲ့​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​ငါး​နှစ်​၊ နဝမ​လ​တွင် ဂျေရုဆလင်​မြို့သူမြို့သား​အပေါင်း​နှင့် ယုဒ​မြို့ရွာ​တို့​မှ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သော​သူ​အပေါင်း​တို့​အား ထာဝရဘုရား​ရှေ့​တော်​၌ အစာရှောင်​ကြ​ရန် ကြေညာ​၏​။


ဆောင်းရာသီ​စံအိမ်​၊ နွေရာသီ​စံအိမ်​တို့​ကို ငါ​ဖြိုဖျက်​ပစ်​မည်​။ ဆင်စွယ်​အိမ်​များ​ကို​လည်း​ဖျက်ဆီး​သဖြင့် ခမ်းနားထည်ဝါ​သော​စံအိမ်​များ ပျက်စီး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို့နောက် လေသာနန်းဆောင်​ထဲတွင် ဧဂလုန်​မင်းကြီး​တစ်ယောက်တည်း​ထိုင်​နေစဉ် ဧဟုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​ဘုရားသခင်​၏​အမိန့်​တော်​ကို ဆင့်ဆို​ရန်​ရှိ​ပါ​သည်​”​ဟု ဆို​သဖြင့် ဧဂလုန်​မင်းကြီး​သည် ထိုင်​ရာ​မှ ထ​လိုက်​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ