Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 36:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 နန်း​တော်​အ​တွင်း၊ စာ​ရေး​တော်​အ​ခန်း​သို့ သွား၍၊ စာ​ရေး​တော် ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​သား ဒေ​လာ​ယ၊ အာ​ခ​ဗော်​သား ဧ​လ​နာ​သန်၊ ရှာ​ဖန်​သား ဂေ​မ​ရိ၊ ဟာ​န​နိ​သား ဇေ​ဒ​ကိ​အ​စ​ရှိ​သော မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 36:12
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ


ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍


ယောယခိမ်​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်ရှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သား​ဧလနာသန်​၏​သမီး နဟုတ္တ​အမည်​ရှိ​၏​။


ထို​အကြောင်း​တို့​ကို ယုဒ​လူမျိုး​မှူးမတ်​တို့​ကြား​ကြ​သောအခါ ရှင်ဘုရင်​၏​နန်းတော်​မှ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်လာ​ကြ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​သစ်​အဝင်ဝ​၌ ထိုင်​ကြ​၏​။


ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍


သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။


ဧလနာသန်​၊ ဒေလာယ​၊ ဂေမရိ​တို့​က စာလိပ်​ကို​မီး​မ​ရှို့​ရန် ရှင်ဘုရင်​အား တောင်းပန်​ကြ​သော်လည်း ရှင်ဘုရင်​သည် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​။


ထိုအခါ မှူးမတ်​တို့​က ရှင်ဘုရင်​အား “​ဤ​သူ သေ​သင့်​ပါ​၏​။ သူ​ပြော​သော​စကား​အားဖြင့် ဤ​မြို့​၌​ကျန်ခဲ့​သော စစ်သည်​တို့​နှင့်​လူ​အပေါင်း​တို့​ကို စိတ်အားလျော့​စေ​ပါ​ပြီ​။ သူ​သည် ဤ​လူမျိုး​ငြိမ်းချမ်း​ဖို့​ထက် ဘေးအန္တရာယ်​ပြု​ဖို့​ကို​သာ ရှာကြံ​ပါ​ပြီ​”​ဟု လျှောက်​ကြ​၏​။


သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ