Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 36:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ရှာဖန်​၏​မြေး​၊ ဂေမရိ​၏​သား​မိက္ခာယ​သည် စာလိပ်​ပါ​ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ကြား​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ထို​စာ၌​ပါ​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို ရှာ​ဖန်​သား​ဖြစ်​သော ဂေ​မ​ရိ၏​သား​မိ​က္ခာ​ယ​သည် ကြား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 36:11
7 ပူးပေါင်းရင်းမြစ်များ  

ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။


ထို့နောက် ရှင်ဘုရင်​က ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာ​၏​သား​အာဗဒုန်​၊ စာရေးတော်ကြီး​ရှာဖန်​နှင့် ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။


ထိုအခါ ဗာရုတ်​သည် စာလိပ်​ပါ​ယေရမိ​ဆင့်ဆို​သော​စကား​များ​ကို လူ​အားလုံး​ကြားသိ​စေရန် ထာဝရဘုရား​၏​အိမ်​တော်​ရှိ ဂေမရိ​၏​သား စာရေးတော်ကြီး​ရှာဖန်​၏​အခန်း​မှ​နေ​၍ ဖတ်ပြ​လေ​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​ဝင်း​တံခါး​သစ်​အဝင်ဝ​နားတွင်​ရှိ​၏​။


မိက္ခာယ​သည် လူ​အားလုံး​ကြားသိ​စေရန် ဗာရုတ်​ဖတ်ပြ​ခဲ့​သော စာလိပ်​ပါ​အကြောင်းအရာ​များ​ကို မိမိ​ကြား​ခဲ့​သည့်​အတိုင်း သူ​တို့​အား ပြောပြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ