Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 29:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး​ဖမ်းခေါ်​သွား​သော​သူ​ထဲမှ သုံ့ပန်း​အဖြစ်​အသက်ရှင်​ကျန်ရှိ​သော​သက်ကြီးဝါကြီး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​ထံသို့ ပရောဖက်​ယေရမိ​က ဂျေရုဆလင်​မြို့​မှ စာ​ရေးသား​ပေးပို့​လိုက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 29:1
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


နှစ်​လည်​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ရဲမက်​များ​ကို​စေလွှတ်​၍ ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​လာ​စေ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​အဖိုးတန်​အသုံးအဆောင်​များ​ကို​လည်း သိမ်းယူ​လာ​စေ​၏​။ ထို့ပြင် ယောယခိမ်​မင်းကြီး​၏​ညီ​တော်​ဇေဒကိ​ကို မင်းမြှောက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အုပ်စိုး​စေ​၏​။


မော်ဒကဲ​သည် ထို​အဖြစ်အပျက်​တို့​ကို မှတ်တမ်း​တင်​ထား​၏​။ ထို့ပြင် အာရွှေရု​မင်းကြီး​ပိုင်​နယ်မြေ​တစ်ဝန်းလုံး ရပ်နီး​ရပ်ဝေး​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​ပေးပို့​လိုက်​၏​။


ထို​နှစ်​၊ သတ္တမ​လ​တွင်​ပင် ပရောဖက်​ဟာနနိယ သေဆုံး​လေ​၏​။


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယောယကိမ်​၏​သား ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အပေါင်း​တို့​ကို​လည်း ဤ​မြို့​သို့ ပြန်ခေါ်ဆောင်​လာ​မည်​။ အကြောင်းမူကား ငါ​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို ချိုး​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​၏​။


ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ငါ​နှင်ထုတ်​လိုက်​၍ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​တွင်​ရှိ​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်ပညာရှင်​များ​၏​လှည့်စား​ခြင်း​ကို မ​ခံ​နှင့်​။ သင်​တို့​မြင်မက်​သော အိပ်မက်​တို့​ကို​လည်း မ​ယုံ​ကြ​နှင့်​ဟူ၍ မိန့်​တော်မူ​၏​။


ယေရမိ​က စရာယ​အား “​ဘေဘီလုံ​မြို့​သို့ ရောက်​သောအခါ သင်​သည် ဤ​စာ​ကို အကုန်အစင်​သေသေချာချာ​ဖတ်ပြ​ပြီးလျှင်


ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


ငါ​ရေး​လိုက်​သော​စာ​အားဖြင့် သင်​တို့​ကို ဝမ်းနည်း​စေ​ခဲ့​သော်လည်း ငါ​သည် စိတ်မကောင်း​မ​ဖြစ်​ပေ။ ထို​စာ​သည် သင်​တို့​ကို ခေတ္တ​ခဏ​ဝမ်းနည်း​စေ​ခဲ့​သည်​ကို ငါ​မြင်​၍ စိတ်မကောင်း​ဖြစ်​ခဲ့​လျှင်ပင်


ငါ​သည် မည်မျှလောက်​ကြီး​သော​စာလုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။


ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ အကျဉ်းချုံး​ရေးသား​လိုက်​ခြင်း​သာ​ဖြစ်၍ ဤ​တိုက်တွန်း​အားပေး​စကား​ကို​လက်ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ