ယေရမိ 28:8 - မြန်မာ့စံမီသမ္မာကျမ်8 သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ငါတို့မဖြစ်မီ ရှေးကာလ၌ဖြစ်ဖူးသော ပရောဖက်တို့သည်၊ များပြားသောပြည်၊ အားကြီးသော တိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါမည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။