Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 26:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 သို့​သော်​လည်း၊ ရှာ​ဖန်​သား​အ​ဟိ​ကံ​သည် ယေ​ရ​မိ​ကို​မ​စ​သော​ကြောင့်၊ အ​သေ​ခံ​စေ​ခြင်း​ငှာ လူ​များ​တို့​လက်​သို့ မ​အပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 26:24
21 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က ဩဗဒိ​သည် ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။


ထို့နောက် ရှင်ဘုရင်​က ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာ​၏​သား​အာဗဒုန်​၊ စာရေးတော်ကြီး​ရှာဖန်​နှင့် ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင်


ထိုအခါ ဗာရုတ်​သည် စာလိပ်​ပါ​ယေရမိ​ဆင့်ဆို​သော​စကား​များ​ကို လူ​အားလုံး​ကြားသိ​စေရန် ထာဝရဘုရား​၏​အိမ်​တော်​ရှိ ဂေမရိ​၏​သား စာရေးတော်ကြီး​ရှာဖန်​၏​အခန်း​မှ​နေ​၍ ဖတ်ပြ​လေ​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​ဝင်း​တံခါး​သစ်​အဝင်ဝ​နားတွင်​ရှိ​၏​။


ရှာဖန်​၏​မြေး​၊ ဂေမရိ​၏​သား​မိက္ခာယ​သည် စာလိပ်​ပါ​ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ကြား​သောအခါ


စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။


အကြီးအကဲ​တို့​က ဗာရုတ်​အား “​သင်​နှင့်​ယေရမိ သွား​၍​ပုန်းရှောင်​နေ​လော့​။ သင်​တို့​ရှိ​သည့်​နေရာ​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ကြ​၏​။


ရှင်ဘုရင်​သည် သား​တော်​ယေရမေလ​၊ အာဇရေလ​၏​သား​စရာယ​နှင့် အာဗဒေလ​၏​သား​ရှေလမိ​တို့​အား စာရေးတော်ကြီး​ဗာရုတ်​နှင့်​ပရောဖက်​ယေရမိ​တို့​ကို ဖမ်းဆီး​ရန် အမိန့်ပေး​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို ဝှက်​ထား​တော်မူ​၏​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ဗန်း​ကိုယ်စီ​ကိုင်​ထား​ပြီး ဗန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။


သဘောထား​ကွဲလွဲမှု​ပြင်းထန်​လာ​၍ သူ​တို့​သည် ပေါလု​အား အပိုင်းပိုင်း​ဆွဲဖြတ်​ကြ​မည်​ကို တပ်မှူးကြီး​သည် စိုးရိမ်​သဖြင့် စစ်သား​များ​အား ဆင်း​သွား​၍ ပေါလု​ကို သူ​တို့​ထံမှ အတင်း​ခေါ်ဆောင်​လာ​ပြီး စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​လေ​၏။


သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်​လို​သဖြင့် သူ​တို့​၏​အကြံအစည်​ကို​တားမြစ်​ကာ ရေကူး​တတ်​သူ​များ​သည် ဦးစွာ​ခုန်ချ​၍ ကမ်း​ပေါ်သို့​ကူးသွား​ကြ​ရန်​နှင့်


သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ