Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 26:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ယော​ယ​ကိမ်​မင်း​ကြီး​သည် အာ​ခ​ဗော်​သား ဧ​လ​နာ​သန်​နှင့်​တ​ကွ လူ​အ​ချို့​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ စေ​လွှတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 26:22
10 ပူးပေါင်းရင်းမြစ်များ  

ရှောလ​မင်းကြီး​အနိစ္စရောက်​သောအခါ အာခဗော်​၏​သား ဗာလဟာနန်​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။


ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား


ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ


ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။


အုပ်စိုး​သူ​မင်း​သည် မုသား​စကား​ကို​အာရုံစိုက်​လျှင် သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် ဆိုးယုတ်​သော​သူ​များ​ဖြစ်လာ​ကြ​လိမ့်မည်​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင်


စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။


ဧလနာသန်​၊ ဒေလာယ​၊ ဂေမရိ​တို့​က စာလိပ်​ကို​မီး​မ​ရှို့​ရန် ရှင်ဘုရင်​အား တောင်းပန်​ကြ​သော်လည်း ရှင်ဘုရင်​သည် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ဗန်း​ကိုယ်စီ​ကိုင်​ထား​ပြီး ဗန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ