Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 25:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ ပထမ​နှစ်​တွင် ယုဒ​ပြည်သူပြည်သား​အားလုံး​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌ ယေ​ရ​မိ​သည်​ယု​ဒ​ပြည်​သူ​အ ပေါင်း​တို့​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​လေ​သည်။ (ထို​နှစ်​ကား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ၏​နန်း​စံ​ပ​ထ​မ​နှစ်​ဖြစ်​လေ​သ​တည်း။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:1
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အီဂျစ်​ဘုရင်​သည် ယောခတ်​မင်းကြီး​၏​ညီ​တော်​ဧလျာကိမ်​ကို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အုပ်စိုး​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ နောင်တော်​ယောခတ်​မင်းကြီး​ကို​မူကား နေခေါ​မင်းကြီး​သည် အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ချီလာ​၍ သူ့​ကို​တိုက်ခိုက်​ပြီး ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​၊ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ​ဆယ်​နှစ်​တွင် ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​စတုတ္ထ​နှစ်​၌ နေရိ​၏​သား​ဗာရုတ်​သည် ယေရမိ​နှုတ်​မှ​ခေါ်ပေး​သည့်​နှုတ်ကပတ်တော်​များ​ကို စာလိပ်​ပေါ်၌​ရေးသား​ပြီးသည့်နောက် ပရောဖက်​ယေရမိ​က


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ယူဖရေးတီး​မြစ်​နား ကာခေမိတ်​အရပ်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို စစ်ရှုံး​ခဲ့​သော အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​၏​စစ်သည်​နှင့်တကွ အီဂျစ်​ပြည်သား​တို့​နှင့်​ပတ်သက်၍


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​တတိယ​နှစ်​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီတက်​၍ မြို့​ကို​ဝိုင်းထား​၏​။


ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​သည် နန်းစံ​ဒုတိယ​နှစ်​တွင် အိပ်မက်​မက်​သဖြင့် စိတ်သောက​ရောက်​၍ စက်တော်​မ​ခေါ်​နိုင်​ဘဲ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ