Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 24:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့၊ ငါ​သည် ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍၊ မှူး​တော်​မတ်​တော်၊ ဤ​ပြည်၌ ကျန်​ကြွင်း​သော ယေ​ရု​ရှ​လင်​မြို့​သား၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော အ​မျိုး​သား​တို့​ကို ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 24:8
18 ပူးပေါင်းရင်းမြစ်များ  

ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။


ငါ​သည်​လည်း ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့​သွား​၍ ခါးပတ်​ကို ဝှက်​ထား​ခဲ့​သော​နေရာ​မှ တူး​ယူ​လေ​၏​။ ထိုအခါ ခါးပတ်​သည် ဆွေး​၍​သုံး​မ​ရ​တော့​ချေ​။


အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီးရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


ခြင်းတောင်း​တစ်​တောင်း​ထဲတွင် အဦးဆုံးမှည့်သောအသီး​ကဲ့သို့ အလွန်​ကောင်း​သော​သဖန်းသီး​များ​ရှိ​၏​။ ကျန်​ခြင်းတောင်း​တစ်​တောင်း​ထဲတွင် မကောင်း​သော​သဖန်းသီး​ရှိ​၏​။ စား​၍​မ​ရ​အောင် ပုပ်​နေ​၏​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ယုဒ​ပြည်​မှ ခါလဒဲ​ပြည်​သို့ ငါ​ပို့​လိုက်​သော​၊ ယုဒ​ပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​သည် ဤ​ကောင်း​သော​သဖန်းသီး​များ​ကဲ့သို့ ဖြစ်​ကြ​၏​။ သူ​တို့​ကို ကောင်း​သော​သူ​များ​အဖြစ် ငါ​မှတ်ယူ​မည်​။


သင်​တို့​ကို​တိုက်ခိုက်​လာ​သော ခါလဒဲ​တပ်​တစ်တပ်လုံး​ကို သင်​တို့​အနိုင်ရ​လျှင်ပင် ကျန်​ခဲ့​သော​ဒဏ်ရာရ​သော​သူ​တို့​သည် ကိုယ့်​တဲ​မှ​ထလာ​ပြီး ဤ​မြို့​ကို မီးရှို့​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ယေရမိ​ကို နန်းတော်​သို့​ခေါ်လာ​စေ​ပြီးလျှင် “​ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​ရောက်လာ​သေး​သလော​”​ဟု လျှို့ဝှက်​စွာ​မေးမြန်း​၏​။ ယေရမိ​က “​နှုတ်ကပတ်တော်​ရောက်လာ​ပါ​၏​။ အရှင်မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့​ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။


သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ယေရမိ​ကို​စေလွှတ်​၍​ဆင့်ဆို​စေ​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​အလုံးစုံ​ကို လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​ပြီး​သောအခါ


အီဂျစ်​ပြည်​၊ မိဂဒေါလ​မြို့​၊ တာပနက်​မြို့​၊ မင်ဖစ်​မြို့​၊ ပါသရု​မြို့​တို့​၌ နေထိုင်​သော ယုဒ​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ