ယေရမိ 22:13 - မြန်မာ့စံမီသမ္မာကျမ်13 မသမာသောနည်းဖြင့် မိမိနန်းတော်ကို တည်ဆောက်သောသူ၊ မတရားသောနည်းဖြင့် ဘုံဗိမာန်များကို တည်ဆောက်သောသူ၊ အမျိုးသားချင်းတို့ကို ခိုင်းစေပြီး လုပ်အားခမပေးသောသူ၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကိုလည်းကောင်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲစေစား၍၊ အလုပ်လုပ်သည်အတွက်ဆုမချသောသူသည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ |
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။