ယေရမိ 2:27 - မြန်မာ့စံမီသမ္မာကျမ်27 သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version27 သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version27 သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဖွားမြင်တော်မူပြီ ဟူ၍လည်းကောင်းဆိုလျက်၊ စင်စစ် ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။