ယေရမိ 13:16 - မြန်မာ့စံမီသမ္မာကျမ်16 ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။