Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 13:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သင်​သည်​လည်း သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြော​လော့​။ ထိုအခါ သူ​တို့​က “အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်​ကို ငါ​တို့​မ​သိ​သလော”​ဟု ပြန်ပြော​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် သူ​တို့​အား​ပြော​လော့။ သူ​တို့​က​လည်း၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​မ​သိ​သ​လော​ဟု ပြန်​ပြော​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 13:12
4 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ထာဝရဘုရား​က “လူ​သည် ခါး​၌​ခါးပတ်​ကို စည်းထား​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​အပေါင်း​တို့​ကို ငါ့​လူမျိုး​တော်​၊ ငါ့​နာမ​တော်​၊ ငါ့​ဘုန်း​တော်​၊ ငါ့​ဂုဏ်တော်​အဖြစ် ငါ့​ခါး​၌​စည်းထား​သော်လည်း သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ သင်​က သူ​တို့​အား “​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် ဤ​ပြည်​၌​နေထိုင်​သော​သူ​အားလုံး​အပါအဝင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဂျေရုဆလင်​မြို့သား​အားလုံး​တို့​ကို ယစ်မူး​သော​သူ​ဖြစ်​စေ​မည်​။


သူ​တို့​သောက်​သောအခါ သူ​တို့​တွင် ငါ​စေလွှတ်​သော​ဓား​ကြောင့် သူ​တို့​သည် မူး​ရူး​သွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။


ထိုအခါ လူ​တို့​က “​သင်​ဤသို့​ပြု​ခြင်း​သည် အကျွန်ုပ်​တို့​နှင့်​ဆိုင်​သလော​။ ငါ​တို့​အား ပြောပြ​ပါ​လော့​”​ဟု ဆို​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ