ယေရမိ 11:21 - မြန်မာ့စံမီသမ္မာကျမ်21 ထို့ကြောင့် “ငါတို့လက်ဖြင့် သင်မသေရမည့်အကြောင်း ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်မပြုနှင့်”ဟု ဆိုလျက် သင့်အသက်ကိုရန်ရှာသော အာနသုတ်မြို့သားတို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ်မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည်အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကိုရှာကြသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။