ယေရမိ 11:12 - မြန်မာ့စံမီသမ္မာကျမ်12 ထိုအခါ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့သည် နံ့သာပေါင်းဖြင့်မီးရှို့ပူဇော်ရသော အခြားဘုရားများထံသို့သွား၍ အော်ဟစ်ကြလိမ့်မည်။ သို့သော် ဘေးအန္တရာယ်ရောက်ချိန်၌ ထိုဘုရားတို့သည် သူတို့ကိုကယ်တင်လိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ထိုအခါယုဒပြည်သားများနှင့်ယေရု ရှလင်မြို့သူမြို့သားတို့သည် မိမိတို့ယဇ် ပူဇော်သည့်ဘုရားများထံသို့ဟစ်အော်ကာ အကူအညီတောင်းခံကြလိမ့်မည်။ သို့ရာ တွင်ထိုဘုရားတို့သည်ဘေးအန္တရာယ်ကျ ရောက်လာချိန်၌ကူမနိုင်ကြလိမ့်မည်မ ဟုတ်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ထိုအခါ ယုဒမြို့သူရွာသားနှင့် ယေရုရှလင်မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဖူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေးရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာမပေးဘဲနေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။