Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 10:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 အို ဝိုင်းထား​ခံရ​သော​သူ​၊ မြေကြီး​ပေါ်မှ သင့်​ပစ္စည်း​ကို​စုသိမ်း​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​အား​ရန်​သူ များ​ဝိုင်း​ရံ​လျက်​ရှိ​ကြ​၏။ ဤ​မြို့​မှ​ထွက် ခွာ​ရန်​သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​စု​သိမ်း ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 အို ရဲ​တိုက်၌​နေ​သော​သူ၊ မြေ​ပေါ်​မှာ​ရှိ​သော သင်၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို စု​သိမ်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 10:17
6 ပူးပေါင်းရင်းမြစ်များ  

“မည်သူ​သည် ငါ​တို့​ရှိ​ရာ​သို့​ဆင်းလာ​နိုင်​သနည်း​။ မည်သူ​သည် ငါ​တို့​၏​ခိုလှုံ​ရာ​အရပ်​သို့​ဝင်​နိုင်​သနည်း”​ဟု ပြောဆို​တတ်​သော “အို ချိုင့်ဝှမ်း​၌​နေ​သော​သူ​၊ အို ကျောက်​ကုန်းရိုး​၌​နေ​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


ထ​ကြ​။ ထွက်သွား​ကြ​။ ဤ​ပြည်​သည် ငြိမ်းချမ်း​သော​ပြည် မ​ဟုတ်​တော့​ပြီ​။ ဤ​ပြည်​သည် ညစ်ညူး​သောကြောင့် ကြီးစွာ​သော​ပျက်စီး​ခြင်း​ဖြင့် ပျက်စီး​ရ​လိမ့်မည်​။


ထို့ကြောင့် ပရောဖက်​ဒံယေလ​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့် ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ သည် သန့်ရှင်း​သော​နေရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ)


သင်​ယုံကြည်ကိုးစား​သော သင့်​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​၏​မြင့်မား​ခိုင်ခံ့​သော​မြို့ရိုး​များ မ​ပြိုကျ​မ​ချင်း သူ​တို့​သည် သင့်​ကို​ဝိုင်း​ထား​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​ကို သူ​တို့​ဝိုင်း​ထား​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ