ယေရမိ 10:11 - မြန်မာ့စံမီသမ္မာကျမ်11 သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 (အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။) အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 သာသနာပလူတို့အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် အီဂျစ်နတ်ဘုရားကျောင်းများကို မီးရှို့မည်။ ဘေဘီလုံဘုရင်သည်လည်း ထိုနတ်ဘုရားကျောင်းတို့ကိုမီးရှို့၍ နတ်ဘုရားတို့ကို သိမ်းယူသွားလိမ့်မည်။ သိုးထိန်းသည် အဝတ်ဖြင့် မိမိကိုယ်ကို ပတ်စည်းသကဲ့သို့ ထိုဘုရင်သည်လည်း အီဂျစ်ပြည်ဖြင့် မိမိကိုယ်ကိုပတ်စည်းလိမ့်မည်။ ထိုပြည်မှ သာသာယာယာထွက်သွားလိမ့်မည်။