Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 1:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 1:3
19 ပူးပေါင်းရင်းမြစ်များ  

ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။


ထို့ပြင် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​၏​ဘထွေး​တော်​မတ္တနိ​ကို မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ဇေဒကိ​ဟု​အမည်​ပြောင်း​ပေး​၏​။


ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အားလုံး​၊ သူ​၏​လက်အောက်ခံ​တိုင်းနိုင်ငံ​များ​၊ လူမျိုး​များ​အားလုံး​သည် ဂျေရုဆလင်​မြို့ရွာ​ရှိသမျှ​တို့​ကို တိုက်ခိုက်​လာ​စဉ် ထာဝရဘုရား​ထံ​တော်​မှ​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။


ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​၊ စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲသို့ ထိုးဖောက်​ဝင်ရောက်​ကြ​၏​။


“ပြည်သူပြည်သား​အပေါင်း​နှင့် ယဇ်ပုရောဟိတ်​တို့​အား ‘ဤ​နှစ်​ပေါင်း​ခုနစ်ဆယ်​ပတ်လုံး ပဉ္စမ​လ​နှင့် သတ္တမ​လ​တို့​တွင် သင်​တို့ အစာရှောင်​ငိုကြွေးမြည်တမ်း​ခဲ့​ကြ​သည်​မှာ ငါ့​အဖို့ အစာရှောင်​ခြင်း အမှန်တကယ်​ဟုတ်​ခဲ့​သလော​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ