Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 1:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်သုံး​နှစ်​မှစ၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​အာ​မုန် နန်း​စံ တစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရ​မိ​ကို​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 1:2
18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​အတိုင်း ယဇ်ပလ္လင်​ကို​ဆန့်ကျင်​လျက် “​အို ယဇ်ပလ္လင် ယဇ်ပလ္လင်​၊ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ဒါဝိဒ်​အမျိုးအနွယ်​မှ ယောရှိ​အမည်​ရှိ​သော​သား​တစ်​ယောက် မွေးဖွား​လိမ့်မည်​။ သူ​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​၌ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​ယဇ်ပုရောဟိတ်​တို့​ကို သင့်​အပေါ်​တွင် ပူဇော်​လိမ့်မည်​။ လူ​၏​အရိုး​တို့​ကို သင့်​အပေါ်​တွင် မီးရှို့​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ကြွေးကြော်​လေ​၏​။


စားပွဲ​တွင် သူ​တို့​ထိုင်​၍​စား​နေ​စဉ် ဘုရားသခင်​၏​လူ​ကို​ပြန်ခေါ်လာ​သော​ပရောဖက်​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ရောက်လာ​၍


မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ ဩဇ​ဥယျာဉ်​ဟု​ခေါ်​သော နန်းတော်​ဥယျာဉ်​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ထိုအခါ ပြည်သူပြည်သား​တို့​သည်​အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ “ယေရမိ​၊ သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​ဗာဒံ​ကိုင်း​ကို​မြင်​ပါ​သည်​”​ဟု လျှောက်​၏​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍


“​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။


ပရောဖက်​ယေရမိ​၏​ပခုံး​မှ​ထမ်းပိုး​ကို ပရောဖက်​ဟာနနိယ​ချိုး​ပြီးနောက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ​ရောက်လာ​၍


ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာ​လုပ်​လေ​ပြီ​။


“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။


ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။


ပေသွေလ​၏​သား​ယောလ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အမိတ္တဲ​၏​သား​ယောန​ထံသို့ ရောက်လာ​၍


ယုဒ​ဘုရင် ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​တို့​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် မောရရှက်​မြို့သား​မိက္ခာ​ထံသို့​ရောက်လာ​၍ ရှမာရိ​မြို့​၊ ဂျေရုဆလင်​မြို့​တို့​နှင့်ပတ်သက်​သော​နိမိတ်အာရုံ​ကို မြင်​ရ​၏​။


အာမုန်​၏​သား​၊ ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​လက်ထက်​၌ ဟေဇကိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဂေဒလိ​၏​မြေး​၊ ကုရှိ​၏​သား​ဇေဖနိ​ထံသို့ ရောက်လာ​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​တည်း​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ