သူကြီး 9:57 - မြန်မာ့စံမီသမ္မာကျမ်57 ဘုရားသခင်သည် ရှေခင်အမျိုးသားတို့ပြုခဲ့သောမကောင်းမှုအလုံးစုံတို့ကို သူတို့၏ခေါင်းပေါ်သို့ ပြန်ကျစေတော်မူ၏။ ယေရုဗ္ဗာလ၏သားယောသံ၏ကျိန်ခြင်းသည် သူတို့အပေါ် ကျရောက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version57 ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version57 ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင် ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။