သူကြီး 9:54 - မြန်မာ့စံမီသမ္မာကျမ်54 ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version54 ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဓားကိုဓားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဓားနှင့်ထိုး၍သတ်လိုက်လေ သည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version54 သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှာ၊ သင့်ဓားကိုထုတ်၍ ငါ့ကိုသတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည်ထိုး၍ အဘိမလက် သေလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။