Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 6:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ကိုယ်တော့်​ထံသို့ အကျွန်ုပ်​ပြန်လာ​၍ ဘောဇဉ်ပူဇော်သက္ကာ​ကို ကိုယ်တော်​အား လာ​ပြီး​မ​ဆက်သ​မ​ချင်း ဤ​နေရာ​မှ ထွက်​မ​သွား​ပါ​နှင့်​”​ဟု လျှောက်ဆို​လျှင် “သင်​ပြန်လာ​သည်​အထိ စောင့်​နေ​မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 6:18
6 ပူးပေါင်းရင်းမြစ်များ  

“​အကျွန်ုပ်​၏​အရှင်​တို့​၊ အကျွန်ုပ်​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​သည်​ဆို​လျှင် အရှင်​၏​အစေအပါး​ကို​ကျော်​မ​သွား​ပါ​နှင့်​။


စားစရာ​အနည်းငယ်​ကို​လည်း ယူလာ​ပါ​မည်​။ အရှင်​တို့​၏​အစေအပါး​ထံသို့​ရောက်လာ​ပြီ​ဖြစ်၍ အားဖြည့်​ပြီးမှ ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​သင်​ပြော​သည့်​အတိုင်း​ပြု​ပါ​လော့​”​ဟု ဆို​ကြ​၏​။


သို့သော် လောတ​သည် သူ​တို့​ကို မရမက​ဖိတ်ခေါ်​သောကြောင့် သူ​တို့​သည် သူ​နှင့်အတူ​လိုက်လာ​၍ သူ​၏​အိမ်​သို့​ဝင်​ကြ​၏​။ လောတ​သည် သူ​တို့​အတွက် စားသောက်ပွဲ​ပြင်ဆင်​၍ တဆေးမဲ့မုန့်​ကို​ဖုတ်​လေ​၏​။ သူ​တို့​သည်​လည်း စား​ကြ​၏​။


မာနော်​က​လည်း ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​မသွား​ပါ​နှင့်​ဦး​။ သင့်​အတွက် ဆိတ်သငယ်​တစ်​ကောင်​ကို ချက်ပြုတ်​ပြင်ဆင်​ပါ​မည်​”​ဟု လျှောက်ဆို​၏​။


သူ​က​လည်း “​အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နှင့်​စကားပြော​တော်မူ​သော​သူ​သည် ကိုယ်တော်​ဖြစ်ကြောင်း အမှတ်လက္ခဏာ​ပြ​တော်မူ​ပါ​။


ဂိဒေါင်​လည်း သွား​၍ ဆိတ်သငယ်​တစ်​ကောင်​နှင့် မုန့်ညက်​တစ်​ဧဖာ​ဖြင့်​လုပ်​သော တဆေးမဲ့မုန့်​ကို ပြင်ဆင်​၏​။ အသား​ကို တောင်း​ထဲ​ထည့်​၍ အသားပြုတ်ရည်​ကို အိုး​ထဲ​ထည့်​ကာ သပိတ်ပင်​အောက်​ရှိ ကိုယ်တော်​ထံ ယူလာ​၍ ဆက်သ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ