သူကြီး 4:6 - မြန်မာ့စံမီသမ္မာကျမ်6 ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ အခန်းကိုကြည့်ပါ။ |
နဿလိအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ဂါလိလဲပြည်၊ ကေဒေရှမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟမ္မုန်ဒေါရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတံမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေ စသောမြို့သုံးမြို့ကို ပေး၏။ (ကေဒေရှမြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။