Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 4:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 သိသရ​သည် သူ​၏​စစ်ရထား​အားလုံး​၊ သံ​စစ်ရထား​ကိုး​ရာ​နှင့် မိမိ​လူ​အပေါင်း​တို့​ကို စုစည်း​ပြီးလျှင် ဟာရောရှက်​ဟာဂေါအိမ်​မြို့​မှ ကိရှုန်​မြစ်​သို့ ချီတက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 4:13
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဧလိယ​က လူ​တို့​အား “​ဗာလ​ဘုရား​၏​ပရောဖက်​တို့​ကို ဖမ်းဆီး​ပါ​။ တစ်ယောက်​မျှ​မ​လွတ်​စေ​နှင့်​”​ဟု ဆို​လျှင် လူ​တို့​က သူ​တို့​ကို ဖမ်းဆီး​လေ​၏​။ ဧလိယ​သည် သူ​တို့​ကို ကိရှုန်​ချောင်း​သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ကွပ်မျက်​လိုက်​လေ​၏​။


ယောသပ်​အမျိုးသား​တို့​က​လည်း ယောရှု​အား “​တောင်ပေါ်ဒေသ​သည် အကျွန်ုပ်​တို့​အတွက် မ​လောက်​ပါ​။ ချိုင့်ဝှမ်း​ဒေသ​ဖြစ်​သော ဗက်ရှန်​မြို့ရွာ​များ​နှင့် ယေဇရေလ​ချိုင့်ဝှမ်းဒေသ​တွင်​လည်း သံ​စစ်ရထား​အများအပြား​ပိုင်ဆိုင်​သော ခါနာန်​လူမျိုး​အပေါင်း​တို့ နေထိုင်​ကြ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။


ထာဝရဘုရား​သည် ယုဒ​အမျိုး​တို့​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​တို့​သည် တောင်ပေါ်ဒေသ​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ချိုင့်ဝှမ်းဒေသ​၌​နေထိုင်​သော​သူ​တို့​မူကား သံ​စစ်ရထား​များ​ပိုင်ဆိုင်​သောကြောင့် ထို​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။


အဘိနောင်​၏​သား​ဗာရက်​သည် တာဗော်​တောင်​ပေါ်သို့ တက်သွား​သည်​ကို သိသရ​ကြား​သောအခါ


ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။


ရှင်ဘုရင်​တို့​သည်​လာ​၍ စစ်တိုက်​ကြ​၏​။ ခါနာန်​ဘုရင်​တို့​သည် တာနက်​မြို့​၊ မေဂိဒ္ဒေါ​အိုင်​နား​၌ စစ်တိုက်​ကြ​၏​။ တိုက်ခိုက်​လုယူ​သော​ငွေ​ကို မ​ယူသွား​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ