Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 4:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဧဟုဒ သေဆုံး​သွား​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ပြု​ကြ​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ဧ​ဟု​ဒ​သေ​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ဖန် ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 4:1
12 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သစ္စာတရား​ကို လိုလား​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သူ​တို့​ကို​ဒဏ်ခတ်​သော်လည်း သူ​တို့​မ​နာ​ကြ​။ သူ​တို့​ကို​ဖျက်ဆီး​သော်လည်း ဆုံးမပဲ့ပြင်​ခြင်း​ကို​မခံယူ​ကြ​။ သူ​တို့​သည် မိမိ​တို့​၏​မျက်နှာ​ကို ကျောက်တုံး​ထက်​ပင် မာကျော​စေ​ကြ​၏​။ ကိုယ်တော့်​ထံ ပြန်လာ​ရန် ငြင်းဆို​ကြ​၏​။


ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။


ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထိုသို့ ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​သောကြောင့် ထာဝရဘုရား​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို အစ္စရေး​လူမျိုး​တို့​ထက် အားကြီး​စေ​တော်မူ​၏​။


ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ