သူကြီး 21:5 - မြန်မာ့စံမီသမ္မာကျမ်5 အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-) အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ အခန်းကိုကြည့်ပါ။ |
နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။