သူကြီး 21:1 - မြန်မာ့စံမီသမ္မာကျမ်1 အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည်အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။