သူကြီး 20:18 - မြန်မာ့စံမီသမ္မာကျမ်18 အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။