သူကြီး 2:12 - မြန်မာ့စံမီသမ္မာကျမ်12 သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။