Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 19:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ထိုသို့ ကောင်းမွန်​စွာ​စားသောက်​နေ​ကြ​စဉ် ဆိုးညစ်​သော​မြို့သား​တို့​သည် အိမ်​ကို​ဝိုင်း​ထား​၍ တံခါး​ထုရိုက်​လျက် “​သင့်​အိမ်​သို့​ရောက်လာ​သော​ယောက်ျား​နှင့် ဆက်ဆံ​လို​၍ သူ့​ကို​ထုတ်ပေး​ပါ​”​ဟု အိမ်ရှင်​အဖိုးအို​အား ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဓမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 19:22
19 ပူးပေါင်းရင်းမြစ်များ  

သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။


သင့်​အစ်မ​ရှမာရိ​သည် သမီး​တို့​နှင့်အတူ သင်​၏​မြောက်ဘက်​တွင် နေထိုင်​၏​။ သင့်​ညီမ​သောဒုံ​သည် သမီး​တို့​နှင့်အတူ သင်​၏​တောင်ဘက်​တွင် နေထိုင်​၏​။


“အို အစ္စရေး​၊ သင်​သည် ဂိဗာ​မြို့​တွင်​နေစဉ်​ကာလ အပြစ်ပြု​ကြ​၏​။ အပြစ်ပြု​သူ​တို့​သည် ထို​အရပ်​၌ ဆက်​နေ​ကြ​၏​။ ဂိဗာ​မြို့​တွင် စစ်​ဖြစ်​စဉ်က သူ​တို့​ကို မ​နှိမ်နင်း​နိုင်​ခဲ့​ပေ​။


သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။


သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊


ခရစ်တော်​နှင့်​ဗေလျာလ​တို့​အကြား​၌ မည်သို့သော​ကိုက်ညီ​မှု​ရှိ​သနည်း။ ယုံကြည်​သူ​နှင့်​မ​ယုံကြည်​သူ​တို့​အကြား​၌ မည်သို့သော​အကျိုးတူ​ခံစား​မှု​ရှိ​သနည်း။


ဆိုးညစ်​သော​သူ​တို့​ထကြွ​ပြီး သင်​မ​သိ​သော​အခြား​ဘုရား​များ​ကို ‘​ငါ​တို့​သွား​၍ ဝတ်ပြု​ကြ​စို့​’​ဟု ဆို​လျက် သူ​တို့​သည် သူ​တို့​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ဖြားယောင်းသွေးဆောင်​နေ​ကြောင်း သင်​ကြား​လျှင်


ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။


သူ​တို့​သည် ပျော်မြူး​ကြ​လျက် “​ရှံဆုန်​ကို ခေါ်ထုတ်​၍ ငါ​တို့​အား ဖျော်ဖြေ​ပြ​စေ​ပါ​”​ဟု ဆို​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် ရှံဆုန်​ကို အကျဉ်းထောင်​မှ​ခေါ်ထုတ်​လာ​၍ တိုင်​များ​ကြားတွင်​ထား​ကာ သူ​တို့​ကို ဖျော်ဖြေ​ပြ​စေ​၏​။


ညအချိန်​တွင် ဂိဗာ​မြို့သား​တို့​သည် အကျွန်ုပ်​ရှိ​ရာ​အိမ်​ကို​ဝိုင်း​ထား​ပြီး အကျွန်ုပ်​ကို​သတ်​ရန် ကြံစည်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​မယားငယ်​ကို​လည်း သေ​သည်​အထိ​အဓမ္မပြု​ကြ​ပါ​၏​။


ထိုသို့ ဂိဗာ​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​တွင် ညစ်ညမ်း​သော​အမှု​၊ ယုတ်ညံ့​သော​အမှု​ကို ပြု​ကြ​သောကြောင့် အကျွန်ုပ်​လည်း မယားငယ်​အသေကောင်​ကို ခုတ်ဖြတ်​ပြီး အစ္စရေး​လူမျိုး​တို့ အမွေခံရာ​ပြည်​တစ်လျှောက်လုံး​သို့ ပို့​လိုက်​ပါ​၏​။


သခင့်​ကျွန်မ​ကို ဆိုးညစ်​သော​မိန်းမ​ဟု မ​ထင်​ပါ​နှင့်​။ အကျွန်ုပ်​၌ ပူဆွေး​ဝမ်းနည်းမှု များလွန်း​သဖြင့် အဆက်မပြတ်​ဆုတောင်း​နေ​ခြင်း​သာ ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​သော်


သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။


ဧလိ​၏​သား​တို့​သည် ထာဝရဘုရား​နှင့် အကျွမ်း​မ​ဝင်​၊ ဆိုးညစ်​သော​သား​များ​ဖြစ်​ကြ​၏​။


အကျွန်ုပ်​၏​သခင်​၊ ဤ​ဆိုးညစ်​သော​သူ​နာဗလ​ကို စိတ်​ထဲ​မ​ထား​ပါ​နှင့်​။ သူ​သည် သူ​၏​နာမည်​နှင့်​လိုက်​ပါ​၏​။ နာဗလ​ဟူသော​နာမည်​နှင့်အညီ မိုက်မဲ​သော​သူ​ဖြစ်​ပါ​၏​။ သခင်​စေလွှတ်​လိုက်​သော သခင့်​လူ​တို့​ကို သခင့်​ကျွန်မ မ​တွေ့​လိုက်​ရ​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ