Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 18:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 မိက္ခာ​က “​သင်​တို့​သည် ငါ​ထုလုပ်​သော​ဘုရား​များ​နှင့် ယဇ်ပုရောဟိတ်​ကို ခေါ်ဆောင်​သွား​ကြ​ပြီ​။ ငါ​၌ ဘာ​ကျန်​သေး​သနည်း​။ သို့ပါလျက်​နှင့် ငါ့​အား ‘​သင် ဘာ​ဖြစ်​နေ​သနည်း​’​ဟူ၍ အဘယ်ကြောင့်​မေး​ရ​သနည်း​”​ဟု ပြန်ပြော​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 မိ​က္ခာ​က၊ သင်​တို့​သည် ငါ​လုပ်​သော​ဘု​ရား​တို့​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား​ကြ​သည်​တ​ကား။ ထို​အ​ရာ​မှ​တစ်​ပါး ငါ၌ အ​ဘယ်​အ​ရာ​ရှိ​သ​နည်း။ သို့​သော်​လည်း သင်​တို့​က၊ အ​ဘယ်​အ​ခင်း​ရှိ​သ​နည်း​ဟု ငါ့​ကို​မေး​ကြ​သည်​တ​ကား​ဟု ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 18:24
15 ပူးပေါင်းရင်းမြစ်များ  

ယခု သင်​သည် သင့်​ဖခင်​၏​အိမ်​ကို အလွန်​လွမ်းဆွတ်​သဖြင့် အကယ်ပင်​ပြန်သွား​လို​သည်​မှန်စေတော့ အဘယ်ကြောင့် ငါ​၏​ဘုရား​တို့​ကို​ခိုးယူ​ရ​သနည်း​”​ဟု ဆို​၏​။


ရာခေလ​သည် တေရပ်ရုပ်တု​တို့​ကို​ယူ​၍ ကုလားအုတ်​ကုန်းနှီး​ထဲ​ထည့်​ပြီးလျှင် ၎င်း​တို့​အပေါ်​၌​ထိုင်​နေ​၏​။ ထို့ကြောင့် လာဗန်​သည် တဲ​တစ်တဲလုံး​မွှေနှောက်​သော်လည်း မ​တွေ့​ချေ​။


ထို့ကြောင့် ထာဝရဘုရား​သည် အာမဇိ​မင်းကြီး​ကို အမျက်ထွက်​တော်မူ​၍ သူ့​ထံ​ပရောဖက်​တစ်​ပါး​ကို စေလွှတ်​ကာ “​မင်းကြီး​၏​လက်​မှ မိမိ​လူ​တို့​ကို​မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​တို့​၏​ဘုရား​များ​ကို အဘယ်ကြောင့် ဆည်းကပ်​သနည်း​”​ဟု ဆို​၏​။


၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။


ထို​ပြည်​သည် ရုပ်တု​ပေါများ​ရာ​ပြည်​ဖြစ်​၏​။ ရုပ်တု​များ​ကို အရူးအမူး​စွဲလမ်း​ကြ​၏​။ ထို့ကြောင့် ထို​ပြည်​၌ မိုးခေါင်​လေ​ပြီ​၊ ရေ​များ​ခန်းခြောက်​လေ​ပြီ​။


လူ​အပေါင်း​တို့​သည် အသိတရား​ကင်းမဲ့​၏​။ ပညာ​လည်း​မ​ရှိ​။ ပန်းထိမ်သမား​တို့​သည်​လည်း ရုပ်တုဆင်းတု​အားဖြင့် အရှက်ကွဲ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သွန်းလုပ်သောရုပ်တု​သည် လှည့်စား​ခြင်း​သာ​ဖြစ်​၏​။ အသက်​မ​ရှိ​။


အဟောလ​သည် ငါ့​အပိုင်​ဖြစ်​လျက်​နှင့် ပြည့်တန်ဆာ​လုပ်​၏​။ သူ​ချစ်​သော အိမ်နီးချင်း​အဆီးရီးယား​လူမျိုး​ကို​စွဲမက်​၍ သူ့​ထံ​ချဉ်းကပ်​၏​။


သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။


ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​စပျစ်​ဝိုင်​ဖြင့် ယစ်မူး​ကြ​၏”​ဟု မြွက်ဆို​ပြီးလျှင်


မိက္ခာ​က​လည်း “​ငါ​သည် လေဝိ​အမျိုး​ကို ငါ​၏​ယဇ်ပုရောဟိတ်​အဖြစ်​ရရှိ​ထား​သောကြောင့် ယခုမှာ ထာဝရဘုရား​သည် ငါ့​ကို ကောင်းစား​စေ​တော်မူ​မည်​ကို​ငါ​သိ​၏​”​ဟု ဆို​၏​။


ထို​သူ မိက္ခာ​၌ ဘုရား​ဝတ်ကျောင်း​ရှိ​၏​။ သူ​သည် ဧဖုဒ်​နှင့်​တေရပ်ရုပ်တု​များ​ကို သွန်းလုပ်​ပြီးလျှင် မိမိ​သား​တစ်​ယောက်​ကို ယဇ်ပုရောဟိတ်​အဖြစ်​ခန့်ထား​၏​။


အနောက်​မှ​ဟစ်ခေါ်​သဖြင့် ဒန်​အမျိုးသား​တို့​သည် နောက်​သို့​လှည့်​၍ မိက္ခာ​အား “​အဘယ်ကြောင့် အော်ဟစ်​နေ​သနည်း​”​ဟု မေး​သော်


ဒန်​အမျိုးသား​တို့​က သူ့​အား “​ငါ​တို့​ကြား​အောင် အော်ကြီးဟစ်ကျယ် မ​ပြု​နှင့်​။ ဒေါသကြီး​သော​လူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သဖြင့် သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ သေ​သွား​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ