သူကြီး 18:18 - မြန်မာ့စံမီသမ္မာကျမ်18 ထိုသူတို့သည် မိက္ခာ၏အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့်သွန်းလုပ်ထားသောရုပ်တုတို့ကို ယူကြသဖြင့် ယဇ်ပုရောဟိတ်က သူတို့အား “သင်တို့ ဘာလုပ်နေကြသနည်း”ဟု မေး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ပြုကြသနည်းဟု မေးသော်၊ အခန်းကိုကြည့်ပါ။ |
ထိုသူတို့ကလည်း “သင့်လက်ဖြင့် ပါးစပ်ကိုပိတ်ပြီး တိတ်တိတ်နေလော့။ အကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့၍ အကျွန်ုပ်တို့၏အဖ၊ အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အဖြစ်နေပါ။ သင်သည် မိသားစုတစ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းထက် အစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်၊ အစ္စရေးလူမျိုးထဲမှ မျိုးနွယ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းက ပိုကောင်းသည်မဟုတ်လော”ဟု သူ့အား မေးလေ၏။