Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 16:27 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ထို​ဝတ်ကျောင်း​ထဲတွင် ယောက်ျား​၊ မိန်းမ​များ​နှင့် ပြည့်လျှံ​လျက် ရှိ​၏​။ ဖိလိတ္တိ​မင်း​တို့​အပါအဝင် ခေါင်မိုးပြင်​ပေါ်တွင် ယောက်ျား​မိန်းမ​သုံး​ထောင်​တို့​သည် ရှံဆုန်​ဖျော်ဖြေ​နေ​သည်​ကို ကြည့်ရှု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

27 ထို​ဇ​ရပ်၌ ယောက်ျား​မိန်း​မ​တို့​သည် အ​ပြည့်​ရှိ​ကြ၏။ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​လည်း ပါ​ကြ၏။ ဇ​ရပ်​မိုး​ပေါ်​မှာ​လည်း သုံး​ထောင်​မျှ​လောက်​သော ယောက်ျား​မိန်း​မ​တို့​သည် ရှံ​ဆုန်​က​စား​သည်​ကို ကြည့်​ရှု​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 16:27
6 ပူးပေါင်းရင်းမြစ်များ  

တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။


တစ်စုံတစ်ယောက်​သည် သင့်​အိမ်​ပေါ်မှ​ပြုတ်ကျ​၍ သင့်​အိမ်​၌​လူသတ်​သော​အပြစ် မ​ကျရောက်​စေရန် သင်​သည် အိမ်​အသစ်​ဆောက်​သောအခါ သင်​၏​ခေါင်မိုးပြင်​၌ အကာအရံ​လုပ်​ရ​မည်​။


ရာခပ်​လည်း ထို​သူ​တို့​မ​အိပ်​မီ သူ​တို့​ရှိ​ရာ ခေါင်မိုးပြင်​ပေါ်သို့​တက်လာ​၍


ရှံဆုန်​သည် သူ့​လက်​ကို ဆွဲလာ​ပေး​သော​လူငယ်​အား “​ဤ​ဝတ်ကျောင်း​၏​တိုင်မကြီး​များ​ကို မှီ​နိုင်​ရန် ငါ့​လက်​နှင့် ကိုင်ကြည့်​ပါရစေ​”​ဟု ဆို​၏​။


ရှံဆုန်​က​လည်း ထာဝရဘုရား​ထံ “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို ဤ​တစ်ကြိမ်​သာ ခွန်အား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​မျက်စိ​နှစ်​ဖက်​ကို​ဖောက်ထုတ်​ပစ်​သော ဤ​ဖိလိတ္တိ​လူမျိုး​ကို တစ်ခါတည်း အပြီး​လက်တုံ့ပြန်​ခွင့်​ပြု​တော်မူ​ပါ ဘုရားသခင်​”​ဟု ဆုတောင်း​၏​။


ထို​မြို့​၌ ခိုင်ခံ့​သော​ရဲတိုက်​ရှိ​သဖြင့် ယောက်ျား​မိန်းမ မြို့သား​အပေါင်း​တို့​သည် ထို​ရဲတိုက်​ထဲသို့ ပြေးဝင်​၍​တံခါး​ကို ပိတ်​ထား​ပြီးလျှင် ရဲတိုက်​ခေါင်မိုး​ပေါ်သို့ တက်ပြေး​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ