သူကြီး 16:2 - မြန်မာ့စံမီသမ္မာကျမ်2 “ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တစ်ညလုံးချောင်းမြောင်းလျက်၊ နံနက်မိုးလင်းသောအခါ သူ့ကိုသတ်မည်ဟုဆို၍ တစ်ညလုံး ငြိမ်သက်စွာ နေကြ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုမင်းကြီးသည် တောင်စောင်းတစ်ဘက်တွင် ရောက်နေချိန်၌ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် တောင်စောင်းအခြားတစ်ဘက်တွင် ရှိနေ၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှ အလျင်အမြန်ရှောင်သွားရ၏။ ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကို ဖမ်းမိခါနီးဆဲဆဲတွင်