Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 16:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ဒေ​လိ​လ​သည် သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​ပြီး​မှ၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို​တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ၊ စို့၊ ရက်​ကန်း​စင်​နှင့် ရက်​ကန်း​သား​ပါ​ဆွဲ​နှုတ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 16:14
4 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သူ​တို့​ကို အကြိမ်ပေါင်း​များစွာ ကယ်နုတ်​ခဲ့​သော်လည်း သူ​တို့​သည် မိမိ​တို့​အကြံဉာဏ်​အားဖြင့် ပုန်ကန်​ပြီး မိမိ​တို့​ဒုစရိုက်​အားဖြင့် ယိုယွင်း​နိမ့်ကျ​သွား​ကြ​၏​။


ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​သည် ယခုချိန်​ထိ အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​သေး​၏​။ သင့်​ကို မည်သို့ ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​လော့​”​ဟု ဆို​ပြန်​ရာ ရှံဆုန်​က သူ့​အား “​ငါ့​ဆံပင်​အစု​ခုနစ်​စု​ကို ရက်ကန်း​ထဲသို့ တိုင်ချည်​အဖြစ်​ရက်သွင်း​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်​လူ​ကဲ့သို့ ဖြစ်​မည်​”​ဟု ပြန်ပြော​၏​။


ဒေလိလ​က​လည်း “​သင်​သည် စိတ်​မ​ပါ​ဘဲ အကျွန်ုပ်​ကို ချစ်​သည်​ဟု အဘယ်ကြောင့် ပြော​ရ​သနည်း​။ အကျွန်ုပ်​ကို သုံး​ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ သင်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​အား ယခု​အထိ​မ​ပြော​သေး​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ