Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 15:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို့နောက် ဂျုံစပါး​ရိတ်သိမ်း​ရာ​ကာလ​၌ ရှံဆုန်​သည် ဆိတ်သငယ်​တစ်​ကောင်​ကို ယူ​၍ မယား​နှင့်​တွေ့​ဖို့​သွား​ပြီး သူ​က “​အကျွန်ုပ်​မိန်းမ​၏​အခန်း​ထဲသို့ အကျွန်ုပ်​ဝင်​မည်​”​ဟု ခွင့်တောင်း​သောအခါ မိန်းကလေး​၏​ဖခင်​က ဝင်ခွင့်​မ​ပြု​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ကာ​လ​အ​နည်း​ငယ်​ကြာ​၍​ဂျုံ​စ​ပါး​များ ရိတ်​သိမ်း​ချိန်​ရောက်​သော​အ​ခါ ရှံ​ဆုန်​သည် ဆိတ်​ငယ်​တစ်​ကောင်​ကို​ယူ​၍​မိ​မိ​ဇနီး​ထံ​သို့ အ​လည်​သွား​လေ​သည်။ သူ​သည်​သူ​ငယ်​မ​၏ ဖခင်​အား``အ​ကျွန်ုပ်​သည်​ဇနီး​၏​အိပ်​ခန်း​သို့ ဝင်​လို​ပါ​သည်'' ဟု​ပြော​၏။ သို့​ရာ​တွင်​ဖ​ခင်​ဖြစ်​သူ​က​ဝင်​ခွင့်​မ​ပေး​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 နောက်​တစ်​ဖန် ဂျုံ​စ​ပါး​ရိတ်​ရာ ကာ​လ၌ ရှံ​ဆုန်​သည် ဆိတ်​သ​ငယ်​ပါ​လျက်၊ မိ​မိ​မ​ယား​ကို ကြည့်​ရှု​ခြင်း​ငှာ သွား၍၊ သူ့​အ​ခန်း​ထဲ​မှာ သူ​နှင့်​အ​တူ​အိပ်​မည်​ဟု ကြံ​သော်၊ ယော​က္ခ​မ​သည် ဆီး​တား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 15:1
5 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်မှ ယာကုပ်​သည် လာဗန်​အား “​အကျွန်ုပ်​၏​အချိန်​ပြည့်​ပြီ​ဖြစ်၍ အကျွန်ုပ်​သည် မယား​ထံသို့​ဝင်​နိုင်​ရန် သူ့​ကို​အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ပါ​”​ဟု ဆို​၏​။


ယုဒ​က​လည်း “​သိုးဆိတ်​တို့​ထဲမှ ဆိတ်သငယ်​တစ်​ကောင်​ကို​ပို့ပေး​မည်​”​ဟု ဆို​သော် သူ​က “​သင်​မ​ပို့ပေး​မီ အာမခံပစ္စည်း​ကို​သာ ပေး​ထား​ပါ​”​ဟု ဆို​၏​။


ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။


သို့ရာတွင် သူ​သည် ဖခင်​အား ‘အကျွန်ုပ်​သည် နှစ်​ပေါင်း​များစွာ အဖေ့​ကို​အစေခံ​၍ အဖေ​၏​အမိန့်​ကို တစ်ခါမျှ​မ​လွန်ဆန်​ခဲ့​ပါ။ သို့သော် အကျွန်ုပ်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​များ​နှင့်အတူ​ပျော်ရွှင်​ရန် အဖေ​သည် အကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။


ယောက်ျား​တစ်​ယောက်​သည် မိန်းမ​ယူ​၍ သူ့​ထံ​ဝင်​ပြီးမှ သူ့​ကို​မုန်း​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ