Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 13:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထိုစဉ်က ဒန်​မျိုးနွယ်စု​မှ မာနော်​အမည်​ရှိ​သော ဇောရာ​မြို့သား​တစ်ဦး​ရှိ​၏​။ သူ​၏​မယား​သည် မြုံ​သောကြောင့် သားသမီး မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ဒန်​အ​မျိုး၊ ဇော​ရာ​မြို့​သား မာ​နော်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ သူ၏​မ​ယား​သည် မြုံ​သော​ကြောင့် သား​မ​ဖွား။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 13:2
10 ပူးပေါင်းရင်းမြစ်များ  

စာရဲ​မူကား မြုံ​သော​မိန်းမ​ဖြစ်၍ သားသမီး​မ​ရှိ​။


အာဗြံ​၏​မယား​စာရဲ​သည် အာဗြံ​အတွက် သားသမီး​မ​မွေးဖွား​ပေး​နိုင်​ချေ​။ စာရဲ​တွင် ဟာဂရ​အမည်​ရှိ​သော အီဂျစ်​လူမျိုး​ကျွန်မ​တစ်​ယောက်​ရှိ​၏​။


ဣဇက်​သည် မိမိ​မယား​မြုံ​သောကြောင့် သူ့​အတွက် ထာဝရဘုရား​ထံ​ဆုတောင်း​၏​။ ထာဝရဘုရား​သည် သူ​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၍ သူ​၏​မယား​ရေဗက္ကာ​သည် ကိုယ်ဝန်ဆောင်​လေ​၏​။


ဒန်​သည် အစ္စရေး​မျိုးနွယ်​တစ်​နွယ်​အဖြစ် မိမိ​လူမျိုး​ကို​စစ်ကြောစီရင်​လိမ့်မည်​။


ကိရယတ်ယာရိမ်​၏​မျိုးနွယ်စု​များ​မှာ ဣသရိ​လူမျိုး​၊ ဖုဟိ​လူမျိုး​၊ ရှုမသိ​လူမျိုး​၊ မိရှရိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို​မှတစ်ဆင့် ဇောရာသိ​လူမျိုး​၊ ဧရှတောလိ​လူမျိုး​တို့ ဆင်းသက်​လာ​၏​။


သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။


မြေနိမ့်ဒေသ​ဘက်​တွင် ဧရှတောလ​မြို့​၊ ဇောရာ​မြို့​၊ အာရှနာ​မြို့​၊


သူ​တို့​ရရှိ​သော​အမွေမြေ​၏​နယ်နိမိတ်​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​၊ ရှေမက်​မြို့​၊


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဂိလဂါလ​မြို့​မှ ဗောခိမ်​မြို့​သို့​တက်လာ​၍ “​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​ပြီး သင်​တို့​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​ခဲ့​၏​။ ‘​သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​ချိုးဖောက်​မည်​မ​ဟုတ်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ