Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 11:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထိုသို့ အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​များ​ကို တိုက်ခိုက်​လာ​သောအခါ ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​သည် တောဘ​ပြည်​၌​နေ​သော ယေဖသ​ကို သွား​ခေါ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ယေ​ဖ​သ​ကို တော​ဘ​ပြည်​မှ​ခေါ်​ခြင်း​ငှာ​သွား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 11:5
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။


အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ ဇောဘ​မြို့​နှင့် ရဟောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး​၊ တောဘ​နှင့် မာခါ​အမျိုးသား​တို့​မူကား မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။


အမ္မုန်​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​၊ ဧဖရိမ်​အမျိုးအနွယ် တို့​ကို​လာရောက်​တိုက်ခိုက်​သဖြင့် အစ္စရေး​လူမျိုး​တို့ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။


ထိုသို့​ဖြစ်ပျက်​ပြီး​နောက်​တွင် အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လာ​ကြ​၏​။


သူ​တို့​က ယေဖသ​အား “​လာ​ပါ​။ ငါ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​နိုင်​ရန် ငါ​တို့​ကို ဦးဆောင်​ပါ​”​ဟု ဆို​ကြ​၏​။


သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။


ထိုအခါ လူ​တို့​က ရှမွေလ​အား “ ‘​ရှောလု​သည် ငါ​တို့​ကို အုပ်စိုး​ရ​မည်လော​’​ဟု ဆို​ခဲ့​သော​သူ​များ​ကား မည်သူ​နည်း​။ အကျွန်ုပ်​တို့​ထံ အပ်​ပါ​လော့​။ သူ​တို့​ကို သတ်ပစ်​မည်​”​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ