သူကြီး 11:29 - မြန်မာ့စံမီသမ္မာကျမ်29 ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version29 ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version29 ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုလျှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်မင်းကြီး၊ အကျွန်ုပ်တို့ကို အရှင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။