Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 11:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 အမ္မုန်​ဘုရင်​က “​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က အာနုန်​ချောင်း​မှ ယဗ္ဗုတ်​ချောင်း​တိုင်အောင်​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် သိမ်းယူ​ခဲ့​သော ငါ့​ပြည်​ကို ယခု အေးအေးဆေးဆေး​ပြန်ပေး​ပါ​”​ဟု ယေဖသ​၏​တမန်​တို့​အား ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 အ​မ္မုန်​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ​သော​အ​ခါ၊ ငါ့​မြေ​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း၊ ယော်​ဒန်​မြစ်​တိုင်​အောင် လု၍​ယူ​သော​ကြောင့် ငါ​ပြု၏။ ထို​မြေ​ကို ယ​ခု အ​သင့်​အ​တင့်​ပြန်​ပေး​ပါ​ဟု ယေ​ဖ​သ၏​သံ​တ​မန်​အား ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 11:13
8 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​ည​တွင် သူ​သည် ထ​၍ မိမိ​၏​မယား​နှစ်​ယောက်​၊ မိမိ​၏​ကျွန်မ​နှစ်​ယောက်​နှင့် မိမိ​၏​သား​တစ်ဆယ့်တစ်​ယောက်​တို့​ကို​ခေါ်ဆောင်​၍ ယဗ္ဗုတ်​ရေဆိပ်​မှ ဖြတ်ကူး​၏​။


မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း လွတ်မြောက်​လိမ့်မည်​မ​ဟုတ်​။


မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။


ယဗ္ဗုတ်​ချောင်း​တစ်လျှောက်​မှစ၍ တောင်ပေါ်ဒေသ​ရှိ​မြို့​များ​နှင့် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပညတ်​ထား​သမျှ​သော အမ္မုန်​အမျိုးသား​တို့​၏​မြေ​ကို​ကား မ​ချဉ်းကပ်​ရ​ကြ​။


ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​ကို ဂိလဒ်​မြို့​မှစ၍ အာနုန်​ချောင်း​အလယ်​နယ်နိမိတ်​အထိ​၊ အမ္မုန်​အမျိုးသား​တို့​နယ်နိမိတ်​ဖြစ်​သော​ယဗ္ဗုတ်​ချောင်း​အထိ​၊


ထို့နောက် ယေဖသ​သည် အမ္မုန်​ဘုရင်​ထံ တမန်​ကို စေလွှတ်​၍ “​သင်​နှင့်​ငါ့​အကြား​၌ အဘယ်​အကြောင်း​ရှိ​၍ သင်​သည် ငါ့​ပြည်​ကို လာ​တိုက်​ရ​သနည်း​”​ဟု မေး​လေ​သော်


တစ်ဖန် ယေဖသ​သည် တမန်​တို့​ကို အမ္မုန်​ဘုရင်​ထံသို့ စေလွှတ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ