Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 1:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 တစ်ဖန် ယုဒ​အမျိုး​တို့​သည် မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​နှင့်အတူ ဇေဖတ်​မြို့သား ခါနာန်​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​ကာ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပြီးလျှင် ထို​မြို့​ကို ဟောမာ​မြို့​ဟု ခေါ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 တစ်​ဖန် ယု​ဒ​သည် အစ်​ကို​ရှိ​မောင်​နှင့်​အ​တူ​သွား၍ ဇေ​ဖတ်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို လုပ်​ကြံ၍ မြို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​လျှင်၊ ထို​မြို့​ကို​ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 1:17
6 ပူးပေါင်းရင်းမြစ်များ  

အာသ​မင်းကြီး​လည်း သူ့​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် စစ်ချီထွက်​ပြီး မရေရှ​မြို့​အနီး ဇေဖသ​ချိုင့်ဝှမ်း​တွင် စစ်​ခင်းကျင်း​ထား​၏​။


ထိုအခါ တောင်ပေါ်ဒေသ​၌ နေထိုင်​နှင့်​သော​ခါနာန်​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့​သည် ဆင်းလာ​၍ သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ ဟောမာ​အရပ်​တိုင်အောင် သူ​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​စကား​ကို​နားညောင်း​တော်မူ​၍ ခါနာန်​လူမျိုး​တို့​ကို သူ​တို့​လက်​သို့ အပ်​သဖြင့် ထို​လူမျိုး​နှင့်​သူ​တို့​၏​မြို့​များ​ကို အကုန်အစင်​ဖျက်ဆီး​ပြီး ထို​အရပ်​၏​အမည်​ကို ဟောမာ​ဟု ခေါ်​ကြ​၏​။


ဧလတောလဒ်​မြို့​၊ ဗေသုလ​မြို့​၊ ဟောမာ​မြို့​၊


ထိုအခါ ယုဒ​အမျိုး​တို့​က မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​အား “​ခါနာန်​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​အမွေမြေ​သို့ ငါ​တို့​နှင့်အတူ ချီတက်​ပါ​လော့​။ ငါ​တို့​သည်​လည်း သင်​တို့​အမွေမြေ​သို့ သင်​တို့​နှင့်အတူ ချီတက်​မည်​”​ဟု ဆို​သဖြင့် ရှိမောင်​အမျိုး​တို့​လည်း သူ​တို့​နှင့်အတူ ချီတက်​လေ​၏​။


ဟောမာ​မြို့သား​များ​၊ ခေါရာရှန်​မြို့သား​များ​၊ အာသက်​မြို့သား​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ