သူကြီး 1:10 - မြန်မာ့စံမီသမ္မာကျမ်10 တစ်ဖန် ယုဒအမျိုးသားတို့သည် ယခင်က ကိရယအာဘဟုခေါ်သော ဟေဗြုန်မြို့ရှိ ခါနာန်လူမျိုးတို့ထံသို့ ချီတက်သွား၍ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို သတ်ပစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 တစ်ဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုလုပ်ကြံကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။